ကြိုပြင်သွားပါ...
PV Passport (Visit) များ အလုပ်သမား မှတ်ပုံတင် ကဒ်အဖြူမလိုပါ
PJ Passport (Job) များ အလုပ်သမား မှတ်ပုံတင် ကဒ်အဖြူ လိုပါတယ်(မရှိရင် ဖောင်တင်မရဘာ)
PB Passport (Business) လုပ်မယ်ဆို စာရွက်စာတမ်း အများကြီးလိုပါတယ်...
၁။ မှတ်ပုံတင် ကော်ပီ (၃) စုံ
၂။ သန်ခေါင်းစာရင်း ကော်ပီ (၃) စုံ
၃။ စာအုပ်အဟောင်း ကော်ပီ (၃) စုံ (သက်တမ်းတိုးသူများသာ)
ရပ်ကွက် ထောက်ခံစာ၊ ရဲစခန်း ထောက်ခံစာ မလိုတော့ပါ။
အလုပ်ကိစ္စ အပြင်ထွက်စရာရှိလို ဂျောင်ထိုးထားတဲ့ Passport လေးဖုန်သုတ်ပြီး လှန်လှော်ကြည့်လိုက်တော့ သက်တမ်းကုန်နေပါလေရော့ဗျာ....
မဖြစ်မနေ သက်တမ်းတိုးရမယ်ဆိုတော့ သူငယ်ချင်းတွေ လိုက်မေးပြီး ကိုယ်တိုင်လုပ်ရတယ်ဆိုတော့ Passport ထုတ်ပေးတဲ့ ရုံးရှိရာ သွားရပါတော့တယ်
ရုံးရှေ့ရောက်တော့ ရုတ်ရုတ်သဲသဲ အုံးကြွနေတဲ့လူအုပ်ကြီးကိုတွေ့တော့ ငါဒီနေတစ်နေ့တည်း ပြီးပါ့မလားပေါ့ အချိန်က မနက် ၁၀နာရီသာရှိပါသေးတယ်... ၀င်လိုက်တာနဲ့ ဟိန်းဟောက်နေတဲ့ ဦးရဲကြီးတွေ ကူညီနေပါလေရော့ဗျာ....
အ၀င်မှာ ကျား/မဆိုပြီး ခွဲထားတယ် မူအရခွဲထားပေမယ့်၊ လူနည်းတဲ့ဘက်ကနေ ၀င်သွားလို့ရတယ်ဗျ... ၀င်ပြီးတာနဲ့ မှတ်ပုံတင် scan ဖတ်တဲ့ကောင်တာ နှစ်ခုရှိတယ် လည်းသလို လူနည်းတဲ့ ဘက်ဝင်တိုးဗျာ...
အဲ့အချိန်ထိ စာရွက်စာတမ်းတွေ ဘာမှ ထုတ်စရာမလိုသေးဘူး.... ပြီးတာနဲ့ ပုံစံတွေ ပေးနေတဲ့ စားပွဲခုံက ဦးရဲကြီးတွေ စီကနေ ပုံစံလေးတောင်ယူပြီး ဟိုးတစ်ဘက်ခြမ်းမှာရှိတဲ့ စားပွဲခုံတွေမှာ သေသေခြာခြာဖြည့်လိုရတယ်ဗျ.... အဲ့လိုမှ မဟုတ် ယောင်လည်းလည်းနှင့် အစီမ်းရောင် ရေခဲသေတ္တာပေါ် သွားရေးဖြည့်နေရင်း စာရေးမက ငှက်ဆိုးထိုးသံဖြင့် မောင်းထုတ်ပါလိမ့်မယ်... ဦးရဲကြီးတွေကတော့ ကောင်းကောင်းမွန်မွန်ပြောသား... ကြည့်ရတာ စာရေးမပိုင်တဲ့ ရေခဲသေတ္တာဖြစ်လောက်တယ်...
:)
အဲ့လိုဖြည့်နေတုန်းမှာ ဘယ်အခြမ်းကပ်ရက်က လူအတန်းအရှည်ကြီးနောက်မှာ တစ်ယောက်က သွားတန်းစီနေရင် ပိုမြန်ပါလိမ့်မယ်... ဒါမှ မဟုတ် အဲ့လူတန်းရှည်ကြီးထဲမှာ အနည်းဆုံး ၃ နာရီလောက် မတ်တပ်ရပ် မေ့သွားပါလိမ့်မယ်... တိုးတဲ့အခါလည်း သံတန်းဘေး ကပ်ရက်ကနေ စီပြီးတိုးပါ... ရွာသားတွေက အားသန်တော့ အတိုးကြမ်းတယ်... အကျော်အခွ ဇယားဘယ်လိုမှန်းတော့မသိ့ ညာဘက် ကပ်ရက်က စာအုပ်ထုတ်ဖို့ တန်းစီတဲ့နေရာကနေ ၀င်သွားသူတွေလည်း တွေ့ရတယ်ဗျ... ဒါမှမဟုတ် လ၀ကကောင်တာကနေ စာရွက်စစ်ပြီးလို့ မပြည့်စုံလို့ ပြန်ထွက် ကော်ပီ ကူးသူများလည်း ဖြစ်နိုင်ပါတယ်...
၃ နာရီ ကျော်ကျော် အချိန်ဖြုန်းပြီး ရုံးခန်း အပေါက်ဝနားရောက်တော့ ပျော်တာပေါ့... အဲမှာဦးရဲကြီးတွေက သံတုတ် တစ်ချောင်းနှင့် လူအစုလိုက်ကို ပိုင်းခြားပြီး တသုတ်ပြီး တသုတ် ဆင်များကြုံးသွင်းသလို သွင်းပါတော့တယ်...
ထုံးစံအတိုင်း ကိုယ့်လူတွေက ရုတ်ရုတ်သဲသဲဆိုတော့ လူအနည်းဆုံး အတန်းကို သေခြာရွေးပြီး တန်စီစောင့်ရပြန်ပါတယ်... လ၀က အရာရှိကြီးတွေ သဘောကေင်းပုံများ ၅၀၀၀ တန်ပေးလိုက်လိုကတော့ ၂၀၀၀ ပြန်ရဖို မမျှော်တာပိုအဆင်ပြေမယ်.... စုစုပေါင်း ၃၀၀၀၀ သာကုန်ပါနယ်... လ၀က စာရွက်စစ် ၂၀၀၀( ထောင်တန်နှစ်ရွက်)၊ ဘဏ်ငွေသွင်း ၂၅၀၀၀( တစ်သောင်းတန် ၂ ရွက် နှင့် ငါးထောင်တန် ၁ရွက်/ သို့မဟုတ် ငါးထောင်တန် ငါးရွက်)၊ ဓာတ်ပုံရိုက် ဖောင်းဖြည့်တင် (PJ ဆို ၅၀၀၀၊ PV ဆို ၃၀၀၀၊ PB မသိ့ဘာ)
စာရွက်စစ်ပြီးတာနှင့် ဘဏ်အရင်သွင်းရမလား၊ တာဝန်မှူးလက်မှတ် ကို မှတ်ပုံတင် မိတ္တူမှာ ထိုးရမလား အခြေအနေကြည့်ပါ... လူချောင်တဲ့စီအရင်သွားပြီး အဆင်ပြေတာ အရင်လုပ်ပါ... တာဝန်မှူး ဦးရဲကြီးတွေက သဘောကောင်းတော့ လက်မှတ် အလကားထိုးပေးတယ်ဗျ...
အဲ့ဘက်ပြီးရင် ဆန့်ကျင်ဘက် အခြမ်းမှ ဓါတ်ပုံရိုက်ဖို့ အခန်းငယ်လေးတွေရှိပါတယ်... လူနည်းရာရွေးဘာ... ဘဏ်ချလန်၊ စာရွက်စာတမ်း မိတ္တူတစ် စုံ၊ စာအုပ်အဟောင်း၊ မှတ်ပုံတင်မူရင်း၊ သန်းခေါင်စာရင်း မူရင်း အဆင်သင့်ကိုင်ပြီးတန်းစီပါ... အလှည့်ရောက် ရင် ဖြည့်ထားတဲ့ ပုံစံစာရွက်ကို စစ်ပါတယ် အပြည့်အစုံဖြည့်ပါ... မပြည့်စုံရင် ဦးရဲကြီး စိတ်ဆိုးပါလိမ့်မယ်... ၀င်သွားရင်လည်း မီးစလောင်းတွေကို မတိုက်မိ့ပါစေနဲ့ ဦးရဲကြီး စီတ်ဆိုးပါတယ်.... စာရွက်စစ်ပြီးရင် လက်ဗွေဖတ်ရပါတယ် လက်ဆယ်ချောင်းစလုံဖတ်ပါတယ်... ပြီးရင် မျက်လုံး စစ်ပါတယ်... ပြီးရင်တော့ ဓါတ်ပုံအရိုက်ခံရပါတယ်... နောက်ဆုံး လက်မှတ် ထိုးရပါတယ်... မေ့တောမလို ခုနပြောတဲ့ တာဝန်မှူးဦးရဲကြီး လက်မှတ် မပါရင် ပြန်သွားထိုးရပါမယ်... အဲ့ဒါမပါရင် ရှောက်လွှာတင်မရဘာ..
အဲ့ဒါတွေပြီးမှ ပုံစံစစ်ပေးတဲ့ ဦးရဲကြီးခေါ်မှ ကျသင့်သောငွေကို ပေးသွင်းပြီးရင် စာအုပ်ရွေးဘို စလစ်ထုတ်ပေးပါတယ်... အမည်၊ စာအုပ်နံပါတ်အဟောင်း သေခြာစစ်ပါ... မှားနေရင် ပြန်ပြင်ပေးဖိုပြောပါ...
စာအုပ်အသစ်ရှောက်ရှောက်၊ အဟောင်းသက်တမ်းတိုးတာဘဲ ဖြစ်ဖြစ် ရုံးဖွင့်ရက် (၇)ရက်ကြာပါတယ်...
အားလုံးအဆင်ပြေကြပါစေဗျာ...